မိုးဗြဲဆည်အတွင်းပြေးဆွဲလျက်ရှိသော စက်တပ်ရေယာဉ်ငယ်များ ဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ဖယ်ခုံ၊ ၁၈ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ဖယ်ခုံအင်း(မိုးဗြဲဆည်)အတွင်း ပြေးဆွဲလျက်ရှိသော စက်တပ်ရေယာဉ်များ ဝန်ပိုတင်ဆောင်ခြင်းမရှိစေရေးနှင့် ယာဉ်နှင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ဖယ်ခုံမြို့ ဇင်ယော်ငှက်ရေယာဉ်ဂိတ်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေး၊  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ဖယ်ခုံမြို့နယ် အင်းရေပြင်အတွင်း ပြေးဆွဲလျက်ရှိသော ဇင်ယော်ငှက် စက်တပ်ရေယာဉ်အသင်းတွင် မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ် ၁၁၇ စီးရှိပြီး ဖယ်ခုံ-ညောင်ရွှေလိုင်းနှင့် အင်းပတ်ဝန်းကျင်ကျေးရွာများသို့ ခေါက်တိုနှင့် ဈေးပတ် ပြေးဆွဲ လျက်ရှိသည်။

 

မောင်မောင်ထွေး(ပြန်/ဆက်)