မျိုးဆက်ပွားနှင့် HIV-AIDS အသိပညာပေး(Half Day Training) သင်တန်း ဖွင့်လှစ်

မော်လမြိုင် ၁၀ ဇွန်    

 

မြန်မာနိုင်ငံ ဆရာဝန်အသင်း ASRH Project နှင့် ACCESS Fund တို့ပူးပေါင်း၍ လူငယ်လူရွယ်များအတွက် မျိုးဆက်ပွားနှင့် HIV-AIDS အသိပညာပေး (Half Day Training) သင်တန်းကို ယနေ့၊ နံနက်(၉)နာရီက မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဖွင့်လှစ်သည်။

 

အဆိုပါသင်တန်းတွင် မော်လမြိုင် Team အဖွဲ့မှ မအိခိုင်ဇာမင်း (ကွင်းဆင်းညှိနှိုင်းရေးမှူး)၊ မောင်မောင်ဆွေ (သက်ရွယ်ဆင့်တူပညာပေးသူ)၊ မထိုက်ထိုက်ဦး (သက်ရွယ်ဆင့်တူ ပညာပေးသူ) တို့က ဦးဆောင်၍ ဆယ်ကျော်သက်အရွယ် ပြောင်းလဲမှုများ၊ မျိုးဆက်ပွားအင်္ဂါနှင့် လုပ်ငန်းစဉ်များ၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ခြင်း၏ ဆိုးကျိုးများ၊ ကျားမရေးရာ မတူကွဲပြားမှုများ၊ ကျားမရေးရာအခြေပြု အကြမ်းဖက်ခံရခြင်းများ၊ သားဆက်ခြားနည်းလမ်းများ၊ HIV နှင့် AIDS ရောဂါအကြောင်း သိကောင်းစရာများကို သင်ကြားပို့ချပေးခဲ့သည်။

 

သင်တန်းသို့  လူငယ်အမျိုးသား (၁၃)ဦး၊ အမျိုးသမီး(၉)ဦးနှင့် လူငယ်အဖွဲ့ဝင်များစုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN

 

IMG_20