မျိုးဆက်သစ်အဝေးပြေးကားပေါ်တွင် ခရီးသည်အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး၊ ခရီးသည်များအား သံတွဲ Quarantine Centre တွင်ထားရှိ

သံတွဲ ဇူလိုင် ၁၂

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ဇူလိုင် ၁၁ ရက်တွင် သံတွဲမြို့သို့ ခရီးသည် ၃၁ ဦး တင်ဆောင် ထွက်ခွာလာသည့် မျိုးဆက်သစ် မော်တော်ယာဉ်သည် ဗေဒါစစ်ဆေးရေးဂိတ်အရောက်တွင် အသက်(၆၀)ခန့် ခရီးသည် အမျိုးသားတစ်ဦး သတိလစ်မေ့မျောသွားဖြင့် ဂွမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးရာ သေဆုံးနေကြောင်း သိရှိရသည်။

အဆိုပါသေဆုံးသူ ခရီးသည်အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသဖြင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည် ၁၇ ဦးအား ဇူလိုင် ၁၂ ရက်တွင် သံတွဲ သီတဂူမျက်စိဆေးရုံ Quarantine Centre တွင်ထားရှိပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်း ဦးဆောင်သည့်အဖွဲ့မှ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ငပလီဆေးရုံတွင်ထားရှိ၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

မျိုးဆက်သစ်မော်တော်ယာဉ်သည်  ဂွမြို့မှ သံတွဲမြို့သို့ ထွက်ခွာလာရာတွင် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာတွင် ()ဦး၊ ဇလွန်ကျေးရွာတွင် (၁၃)ဦး၊ သရက်ပင်ကွင်း ဆရာတော်တစ်ပါးတို့ ဆင်းကျန်ခဲ့ကြောင်း ယာဉ်မောင်း၏ ပြောကြားချက်အရ သိရှိရသဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးမှူးများနှင့် ချိတ်ဆက်ပြီး ၎င်းတို့အား Home Quarantine ထားရှိလျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)