မျိုးဆက်သစ်တွေအနေနဲ့ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့စာပေကို ချစ်ခင်မြတ်နိုး ထိန်းသိမ်းစောင့် ရှောက်ကြဖို့ အကြံပေးချင်ပါတယ်

နေပြည်တော် ၁၂ ဖေဖော်ဝါရီ

ပြည်ထောင်စုနေ့နှင့်ဆက်ပြီး အားလပ်ရက် ၃ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူညီချက် လက်မှတ်ရေးထိုးပွဲတွင် ဖျော်ဖြေရန် ရောက်ရှိနေကြသည့် တိုင်းရင်းသား အဖွဲ့များကလည်း နေပြည်တော် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်သို့ လာရောက်လေ့လာလျက်ရှိကြရာ လားဟူရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးရှဲဒီက “ကျွန်တော်က လားဟူတိုင်းရင်း သားတစ်ယောက် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးပွဲမှာ ဖျော်ဖြေဖို့ လာရောက်ရင်း ဒီအမျိုးသားအထိမ်းအမှတ် ဥယျာဉ်မှာ လာရောက်အပန်းဖြေ အနားယူတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့အားလုံး လာရောက်အပန်းဖြေကြတာ ဖြစ်ပါတယ်။

“ဒီဥယျာဉ်ထဲကို ရောက်တဲ့အခါ ကျွန်တော်တို့လို တိုင်းရင်းသားတွေ၊ တိုင်းရင်းသားပေါင်းစုံရဲ့ အထိမ်းအမှတ်တွေ၊ ရိုးရာတွေကို တွေ့ရတော့ ကျွန်တော် ပျော်တယ်။ ကျွန်တော့်ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာကြည်နူးရပါတယ်။ မျိုးဆက်သစ်တွေ အနေနဲ့ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့စာပေကို ချစ်ခင်မြတ်နိုး ထိန်းသိမ်းစောင့်ရှာက်ကြဖို့ အကြံပေးချင်ပါတယ်။

ကျွန်တော်တို့ ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေကိုလည်း ဗဟုသုတတွေ ရစေဖို့၊ အမြင်တွေ ကျယ်ပြန့်စေဖို့အတွက် ဒီအမျိုးသားအထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်)ကို လာရောက် လေ့လာ အပန်းဖြေ လည်ပတ်စေချင်ပါတယ်။

MDN