မိုးကောင်းမြို့၏ အနောက်ဘက် (၂၄)မိုင်ခန့် အကွာတွင် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော် ၂၅ ဇန်နဝါရီ

 

ယနေ့ မြန်မာစံတော်ချိန် ၃ နာရီ ၅၂ မိနစ်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် (၆၀) ခန့်ကွာဝေးသော မိုးကောင်းမြို့၏ အနောက်ဘက် (၂၄)မိုင်ခန့် အကွာတွင် အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၂၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၄)ဒီဂရီ၊ အနက် (၃၇) ကီလိုမီတာခန့်ကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

မိုးဇလ