မိုးကောင်းမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း(၁/၂၀၂၀)ဖွင့်

မိုးကောင်း   ၉ မတ်

 

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၂၀)ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အမှတ်(၅၅) စက်မှုလယ်ယာစခန်း၌ ကျင်းပသည်။

 

1

 

အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး‌မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းက အမှာစကားပြောကြားပြီး ကချင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဦးမောင်မောင်ဆန်းက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို မတ် ၉ ရက်မှ ၂၀ ရက်အထိ တစ်ရက်လျှင် သင်တန်းချိန် ၇ ချိန်ဖြင့် စုစုပေါင်း သင်တန်းချိန် ၈၄ ချိန် ပို့ချသင်ကြားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ သင်တန်းသား ၃၀ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

 

4

 

သင်တန်းတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ကောက်စိုက်စက်၊ ကောက်ရိတ်စက်၊ စပါးခြွေလှေ့စက်နှင့် စပါးရိတ်သိမ်းခြွေလှေ့စက်ဆိုင်ရာ အခြေခံသိမှတ်စရာများကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး‌မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက လယ်ယာသုံး စက်ကိရိယာဝယ်ယူသူ တောင်သူများထံ လယ်ယာသုံးစက်ကိရိယာများ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

သန်းလွင်ဦး(ပြန်/ဆက်)