မိုးကောင်းမြို့နယ်၌ မှန်လုံယာဉ်တစ်စီး တိမ်းမှောက် လူထိခိုက်ဒဏ်ရာရမှုမရှိ

မိုးကောင်း ၁၆ ဇွန်

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မရမ်းကျေးရွာ အနီး၌ ဇွန် ၁၅ ရက် ညပိုင်းက မှန်လုံယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၁၅ ရက် ည ၇ နာရီခန့်က ယာဉ်သက်တမ်းတိုးရန်အတွက် ရန်ကုန်မြို့သို့ ယာဉ်မောင်း ဦးထွန်းလင်းမောင်းနှင်ပြီး ယာဉ်အကူ ဦးဇင်မင်းထွန်း၊ ယာဉ်နောက်လိုက် ဦးသန်းမော် လိုက်ပါလာသည့် YGN/4Q---- High Boss Express မှန်လုံယာဉ်သည် မြစ်ကြီးနားမြို့ဘက်မှ မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မရမ်းကျေးရွာအနီး မိုင်တိုင်အမှတ် ၄၃၈ ကီလိုမီတာနှင့် ၄၃၉ ကီလိုမီတာ ကြားအရောက်တွင် ရှေ့မှမောင်းနှင်လာသည့်ယာဉ်အားတိမ်းရှောင်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ယာဉ်မောင်း ဦးထွန်းလင်းအား နမ္မတီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)