မိုးကောင်း၌ ရပ်တန့်ထားသည့် ထော်လာဂျီအား ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး

မိုးကောင်း  ၁၆   နိုဝင်ဘာ

 

ကချင်ပြည်နယ် မိုကောင်းမြို့ ကျွန်းတောရပ်ကွက်၌ နိုဝင်ဘာ ၁၅ ရက် ညပိုင်းက ရပ်တန့်ထားသည့် ထော်လာဂျီအား ဝင်ရောက်တိုက်မိသည့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် ည ၆ နာရီခွဲက မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်မှ ဆားမှော်ကျေးရွာဘက်အထွက် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုကားလမ်းတွင်  မိုးကောင်းဘက်မှ ဆားမှော်ကျေးရွာဘက်သို့ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ ရွှေဝါရပ်ကွက်နေ ဦးဆန်းလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်သည် ရှေ့တွင်လားရာတူယာဘက်၌ ရပ်တန့်ထားသည့် ထော်လာဂျီအား နောက်မှဝင်ရောက်တိုက်မိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့၍ မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)