မိုးခေါင်ရေရှားမှုကြောင့် အိုးအိမ်စွန့်ခွာသူ  တစ်နေ့တခြား များပြားလာတဲ့ ဆိုမာလီယာ

ကောင်းထက် - ရေးသားသည်

လတ်တလော   ဂျပန်၊  တောင်ကိုရီးယား၊  လာအို၊  အာဖဂန်နစ္စတန်စတဲ့ နိုင်ငံအချို့မှာ    မိုးသည်းထန်စွာရွာသွန်းပြီး   ရေကြီးရေလျှံမှုဖြစ်ပွား နေပေမယ့်    အာဖရိကဦးချိုဒေသက    ဆိုမာလီယာနိုင်ငံမှာတော့ မိုးခေါင်ရေရှားမှုကြောင့်    အိုးအိမ်စွန့်ခွာနေရသူတွေဟာ  တစ်နေ့ တခြား  များပြားလာတာကို   တွေ့ရပါတယ်။   ဒါ့အပြင်  စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အာဟာရချို့တဲ့မှု    ပိုမိုမြင့်မားလာတာကိုလည်း နိုင်ငံတကာသတင်းရင်းမြစ်တွေမှာ   ဖော်ပြထားတာ   တွေ့နိုင်ပါ တယ်။

ဆိုမာလီယာနိုင်ငံမှာ   ဆိုးရွားလှတဲ့    မိုးခေါင်ရေရှားမှုဟာ မမျှော်လင့်ထားတဲ့အဆင့်တစ်ခုကို ရောက်ရှိနေပြီး လက်ရှိမှာ နိုင်ငံ တွင်း   အိုးအိမ်စွန့်ခွာနေရသူ တစ်သန်းနီးပါးရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ  မဟာမင်းကြီးရုံးရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယခုနှစ်မှာ နိုင်ငံတွင်း ပြင်းထန် တဲ့ မိုးခေါင်ရေရှားမှုကြောင့်   အိုးအိမ်စွန့်ခွာသူ  ၇၅၅၀၀၀ ကျော်ရှိလာ တဲ့အတွက် ၂၀၂၁ ခုနှစ် မိုးခေါင်ရေရှားမှုစတင်တဲ့ ဇန်နဝါရီလ နောက်ပိုင်း   စုစုပေါင်း အိုးအိမ်စွန့်ခွာနေရသူ     တစ်သန်းအထိ ရှိလာတာဖြစ်ပါတယ်။ 

ထောက်ပံ့ရေးရန်ပုံငွေတွေ ပံ့ပိုးပေးဖို့ လိုအပ်

ဒါဟာ     ဆိုမာလီယာနိုင်ငံအတွက်    ကြီးမားတဲ့သတိပေး ခေါင်းလောင်းသံဖြစ်တယ်လို့    ဆိုမာလီယာရှိ    နော်ဝေဒုက္ခသည်များ ဆိုင်ရာမှ    ဌာနေညွှန်ကြားရေးမှူး မိုဟာမက် အက်ဒီက  ပြောပါတယ်။    မိသားစုဝင်တွေအနေနဲ့  သူတို့ရဲ့ကျေးရွာတွေမှာ  သောက်သုံးရေနဲ့ အစားအစာတွေမကျန်ရှိတော့တာက   အိုးအိမ်စွန့်ခွာဖို့   အဓိက အကြောင်းရင်းဖြစ်ပြီး  အချိန်မီ ထောက်ပံ့ရေးရန်ပုံငွေတွေ  ပံ့ပိုးပေး ဖို့ လိုအပ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ 

ကယ်ဆယ်ရေးစခန်းတစ်ခုကို ရောက်ရှိလာ

ဆိုမာလီယာနိုင်ငံဟာ  မိုးခေါင်မှုကြောင့် သမိုင်းဝင်ခြောက်သွေ့မှု ဒဏ်ကို နှစ်နှစ်ကြာ ခံစားနေရပြီး အဲ့ဒီလို အခြေအနေမျိုးကို နှစ်ပေါင်း ၄၀ ကျော်အတွင်း မကြုံတွေ့ဖူးကြောင်းနဲ့ မျှော်လင့်ထားတဲ့ ပဉ္စမမြောက် မိုးရာသီကလည်း မိုးရွာသွန်းမှုမရှိတာကြောင့် နောက်ထပ်မိသားစုဝင် တွေ အိုးအိမ်စွန့်ခွာဖို့  ရှိနေတယ်လို့   သိရပါတယ်။   မိုးခေါင်မှုကြောင့် ကောက်ပဲသီးနှံတွေနဲ့    မွေးမြူရေးတိရစ္ဆာန်တွေ   သေကျေပျက်စီး ပြီးနောက်  အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ဖခင်ဖြစ်သူ ဟူစိန်ဟာ  ၎င်းရဲ့  မိသားစုဝင်တွေနဲ့အတူ    မကြာသေးမီက   ကယ်ဆယ်ရေးစခန်းတစ်ခုကို ရောက်ရှိလာပါတယ်။ 

ငါးသန်းခန့်ကနေ ခုနစ်သန်းကျော်အထိ မြင့်တက်လာနိုင်

ရွာတွေမှာ  ကျန်ရစ်ခဲ့တဲ့သူတွေအတွက်  အခွင့်အရေးမရှိကြောင်းနဲ့ ဆက်နေမယ်ဆိုရင် စားသောက်စရာမရှိတာကြောင့် အသက်ပင် ဆုံးရှုံးနိုင်ကြောင်း ၎င်းက ပြောပါတယ်။ ဆိုမာလီယာနိုင်ငံမှာ ငတ်မွတ် ခေါင်းပါးမှုနဲ့ ကြုံတွေ့နေရတဲ့အရေအတွက်ဟာ လာမယ့်လတွေ အတွင်း ငါးသန်းခန့်ကနေ   ခုနစ်သန်းကျော်အထိ   မြင့်တက်လာ နိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ 

စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြုံတွေ့နေရ

မိုးခေါင်မှုနဲ့ ကြုံတွေ့နေရတဲ့ ဆိုမာလီယာနိုင်ငံမှာ လူပေါင်း ၂၁၃၀၀၀ ကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြုံတွေ့နေရတယ်လို့လည်း မကြာသေးမီက   ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက   ပြောပါ တယ်။   ယခုလို   ဆိုမာလီယာနိုင်ငံမှာ   ကြီးမားတဲ့  စားနပ်ရိက္ခာ မလုံလောက်မှုနဲ့   ကြုံတွေ့နေရတာဟာ   ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ် က ပြောပါတယ်။ 

အာဟာရချို့တဲ့မှုနဲ့ ဆက်စပ်တဲ့ရောဂါကြောင့် 
ကလေးငယ် ၅၀၀ ထက်မနည်း သေဆုံးပြီးဖြစ်

ဆိုမာလီယာနိုင်ငံ၏   လူဦးရေရဲ့   ၄၅ ရာခိုင်နှုန်းခန့်ရှိတဲ့ လူပေါင်း ၇ ဒသမ ၁ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြုံတွေ့နေရတယ် လို့   ၎င်းက ဆက်ပြောပါတယ်။   ဒါ့အပြင်   ဆိုမာလီယာနိုင်ငံမှာ ဇန်နဝါရီလနောက်ပိုင်း  အာဟာရချို့တဲ့မှုနဲ့ ဆက်စပ်တဲ့ရောဂါကြောင့် ကလေးငယ် ၅၀၀ ထက်မနည်း  သေဆုံးပြီးဖြစ်ကြောင်းနဲ့ လက်ရှိမှာ ခန့်မှန်းခြေ အသက် ငါးနှစ်အောက် ကလေးငယ် ၁ ဒသမ ငါးသန်းဟာ အာဟာရချို့တဲ့မှု ခံစားနေရတယ်လို့ ဆိုပါတယ်။

ပဉ္စမမြောက် မိုးရာသီလည်း ရွာသွန်းဖို့မရှိ

ဆိုမာလီယာနိုင်ငံအပြင် ကင်ညာနိုင်ငံ မြောက်ပိုင်း၊ အီသီယိုပီးယား နိုင်ငံ တောင်ပိုင်းနဲ့  အရှေ့ပိုင်းမှာရှိတဲ့  လူပေါင်း ၂၁ သန်းကျော်ဟာ လေးနှစ်ဆက်မိုးရွာသွန်းမှုမရှိတာကြောင့်  စားနပ်ရိက္ခာမလုံလောက်မှု မြင့်မားတဲ့အဆင့်နဲ့   ရင်ဆိုင်နေရတယ်လို့   ဒူဂျာရစ်က ဆိုပါတယ်။ ဒါ့အပြင်  ပဉ္စမမြောက် မိုးရာသီကလည်း   ရွာသွန်းဖို့ မရှိတာ ကြောင့် အဲ့ဒီဒေသမှ လူတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုတွေ    မရရှိဘူးဆိုပါက   စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ဆက်လက်ကြုံတွေ့ရဖွယ်ရှိနေပါတယ်။ 

လူပေါင်း လေးသန်းကျော် အကူအညီများ လက်ခံရရှိပြီးဖြစ်
ဒါပေမယ့်    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ    တုံ့ပြန် ဆောင်ရွက်မှုအနေနဲ့   အဆိုးရွားဆုံးအခြေအနေကို   ရှောင်ရှားနိုင်ဖို့ အတွက် အတိုင်းအတာတစ်ခုအထိ တိုးမြှင့်လုပ်ဆောင်နေတာ တွေ့ရ ကြောင်း ဒူဂျာရစ်က   ပြောပါတယ်။ အစားအစာ၊  သောက်သုံးရေ အပါအဝင်   ဇန်နဝါရီလမှ  ဇွန်လအထိ လူပေါင်း  လေးသန်းကျော် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လက်ခံရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။ 

တောင်ဆူဒန်နိုင်ငံမှာလည်း 
စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြုံတွေ့နေရ

တောင်ဆူဒန်နိုင်ငံမှာလည်း   ၂၀၁၁  ခုနှစ်က  လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံလူဦးရေနဲ့ ၇၅  ရာခိုင်နှုန်းခန့်ဖြစ်တဲ့  လူပေါင်း ၈ ဒသမ ၃ သန်းမှာလည်း   စားနပ်ရိက္ခာမလုံလောက်မှု   အမြင့်ဆုံး အဆင့်နဲ့ ကြုံတွေ့နေရတယ်လို့   မကြာသေးမီက   ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကိုးကား - ဆင်ဟွာ