မိုးကုတ်တွင် သဘာဝ ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်မည်

မိုးကုတ် ၂၈ ဇွန်

 

မိုးကုတ်မြို့၏ စီးပွားရေးပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် သဘာဝခရီးသွားလုပ်ငန်း အကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် မိုးကုတ်မြို့၌ ကျောက်ရှားပါးမှု စတင်ကြုံတွေ့နေရပြီး မကြာမီအနာဂတ်ကာလတွင် ယခုအချိန်ထက် ရတနာရှားပါးမှုများ ပိုမိုဖြစ်ပွားလာနိုင်သဖြင့် သယံဇာတတစ်ခုတည်းအပေါ်တွင်သာ မှီခိုနေသည့်မြို့အဖြစ်မှ စီးပွားရေးလုပ်ငန်းများအပေါ် မှီခိုသည့်မြို့ ဖြစ်လာစေရန် သဘာဝခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည် ။

 

" မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍမှာ အရေးပါတဲ့ ဒေသတစ်ခုဖြစ်လာချင်ပါတယ်။ နောက်နိုင်ငံတကာ အပါအဝင် ပြည်တွင်းမှာလည်း မြန်မာပြည်သူ ပြည်သားတွေ ခရီးထွက်မယ်ဆိုရင် မိုးကုတ်မြို့ဟာလည်း ခရီးထွက်လို့ ကောင်းတဲ့၊ သွားပြီးလည်ပတ်လို့ကောင်းတဲ့ မြို့တစ်မြို့ဖြစ်တယ်ဆိုတာ သိအောင်လုပ်သွား မှာပါ " ဟု ဒေါက်တာသက်သက်ခိုင် ကပြောသည်။

 

 

မိုးကုတ်မြို့သည် တောင်များ ပတ်လည်ဝန်းရံနေသည့်မြို့ဖြစ် ပြီးစိုက်ပျိုးရေးလုပ်ကိုင်ရန် မြေလွတ်နည်းပါးသဖြင့် မြို့၏ အနာဂတ်စီးပွားရေးအတွက် သဘာဝပတ်ဝန်းကျင်အခြေခံသည့် ခရီးသွားလုပ်ငန်း တစ်မျိုးတည်းကိုသာ အဓိကအကောင် အထည် ဖော်ဆောင်ရွက်ရမည်ဟု ဆို သည်။

 

မိုးကုတ်မြို့ရှိ ကျောက်တွင်းများ၊ ကျောက်လုပ်ငန်းများအပြင် မိုးကုတ်အင်း၊ ဗြိတိသျှစစ်သင်္ချိုင်းရှိသည့် ဘားနဒ်ဒေသများမှာ ပြည်ပခရီးသွားဧည့်သည်များအပြင် ပြည်တွင်းဧည့်သည်များကိုပါ ဆွဲဆောင်နိုင် မည်ဖြစ် ကြောင်း၊ ယခင်က မိုးကုတ်ဒေသသို့ ပြည် တွင်းဧည့်သည်များလာရောက် လည်ပတ်မှု နည်းပါးသော်လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ ပြည်တွင်း လေ့လာရေးအဖွဲ့များ၊ ခရီးသွားအဖွဲ့များ လာရောက်မှု မြင့်တက်လာကြောင်း သိရသည် ။

 

မိုးကုတ်မြို့တွင် ခရီးသွားလုပ်ငန်းကိုသာ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ပါက ဒေသ၏ စီးပွားရေး ပြန်လည်တိုးတက်လာမည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ် သည်။ သို့သော် ယင်းလုပ်ငန်းကို အမှန်တကယ်ဖော်ထုတ်နိုင်ရန် ဒေသခံအဖွဲ့အစည်းများနှင့် အစိုးရတာဝန် ရှိသူများ ပူးပေါင်းဆောင်ရွက်ရမည်ဟု ၎င်းကဆိုသည်။

 

သူရိန်လင်း