မြို့မစည်ပင်သာယာစျေး ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တမူး စက်တင်ဘာ ၂၉


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မစည်ပင်သာယာစျေးအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဇွန် ၁၃ ရက်မှစ၍ ယာယီပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက စျေးအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သန့်ရှင်းရေးဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ စုပေါင်းပြီး စျေးအတွင်း ဆိုင်ခန်းများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ရေးစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စျေးဆိုင်ခန်းများတွင် စျေးရောင်းသူနှင့် စျေးဝယ်သူများအကြား အနီးကပ်ထိတွေ့မှု မရှိစေရေးအတွက် သတ်မှတ်ထားသည့် နေရာများတွင် ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိစေရေးတို့အတွက် ကြိုးတန်းများဖြင့် အကွာအဝေး သတ်မှတ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ကျော်ကြီး(တမူး)