မိုးမိတ်မြို့ ပညာရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဝန်ထမ်းလစာထုတ်ပေးခြင်းများအား စနစ်တကျဆောင်ရွက်

မိုးမိတ် ၃၀ ဧပြီ

 

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင် မိုးမိတ်မြို့ မြို့နယ်ပညာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး ဝန်ထမ်းလစာထုတ်ပေးခြင်းအား ဧပြီ ၃၀ ရက်နေ့တွင် စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယခင်က ဝန်ထမ်းလစာထုတ် ရက်များတွင် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌သာ စုပေါင်းထုတ်ပေးခဲ့ခြင်းဖြစ်ပြီး  ယခုလမှစတင်၍သက်ဆိုင်ရာ ကျောင်းတာဝန်ခံများအား လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အခြေခံပညာကျောင်း (၄)ကျောင်းတွင် စုရပ်(၄)ခုခွဲ၍ ထုတ်ပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ စောင့်ဆိုင်းနေရာယူစေခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ လက်ဆေးကန်များထားရှိကာ စနစ်တကျ လက်ဆေးစေခြင်းများကို စီစဉ်ဆောင်ရွက် ပေးထားကြောင်း မြို့နယ်ပညာရေးမှူး ဦးရဲထွဋ် က ပြောကြားသည်။

 

မိုးမိတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၀၁)ကျောင်းရှိပြီး  ပညာရေးဝန်ထမ်း (၇၈၅)ဦးရှိကြောင်း သိရသည်။

 

မိုးမိတ်သား(စည်သူဌေး)