မိုးမိတ်မြို့နယ်၌ ထန်းရည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေတိုး

မိုးမိတ်    မတ်   ၃၀

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ထန်းပင်မှ သဘာဝထုတ်ယူရရှိသော ထန်းရည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြသည်။

 

အဆိုပါ သဘာဝထန်းရည်ကို ဖေဖော်ဝါရီ လလယ်လောက်မှ စတင်ကာ မေလကုန်ထိ ထုတ်ယူရရှိကြောင်း၊ ရေသန့်ဘူး တစ်ဘူးလျှင် ၅၀၀ ကျပ်ရရှိပြီး တစ်ရက်ရောင်းချမှုမှာ လေးသောင်းကျပ်ခန့် ရရှိကြောင်း ထန်းရည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိသူ ဦးမြင့်လုံးက ပြောပြသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပေါက်ရောက်သော ထန်းပင်နှင့် မြန်မာပြည် အလယ်ပိုင်းတွင် ပေါက်ရောက်သော ထန်းပင်မှာ အမျိုးအစားတူသော်လည်း ထန်းလျက်အရသာနှင့် ထွက်ရှိမှုမှာ ကွာဟသဖြင့် ထန်းရည်ကိုသာ ရောင်းချရခြင်းဖြစ်ကြောင်း သိရသည်။

 

စည်သူဌေး(ပြန်/ဆက်)