မိုနာကိုတိုက်စစ်မှူး ဖယ်ကာအိုအား ဂါလာတာစာရေးအသင်း ခေါ်ယူ

၁ စက်တင်ဘာ


ဂါလာတာစာရေးအသင်းဟာ မိုနာကိုတိုက်စစ်မှူး ဖယ်ကာအိုအား အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အစ္စတန်ဘူလ်ကို ဖယ်ကာအို ရောက်ရှိလာချိန်မှာ ပရိသတ် ၂၅၀ဝ၀ ကလည်း နွေးထွေးစွာကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဂါလာတာစာရေးအသင်းဟာ တူရကီချန်ပီယံ ၂၂ ကြိမ်အထိ ရယူထားနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ ဖယ်ကာအိုဟာ ၂၀၁၃ ခုနှစ် အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေးပေါင် သန်း ၅၀ နဲ့ မိုနာကိုအသင်းကို ပြောင်းရွှေ့လာတာဖြစ်ပြီး မိုနာကိုအသင်းအတွက် ၁၃၉ ပွဲပါဝင်ကစားပေးခဲ့ကာ သွင်းဂိုး ၈၃ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဖယ်ကာအိုဟာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း ပရီမီယာလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့မှာလည်း ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ ဂါလာတာစာရေးအသင်းအနေနဲ့ ဘရိုက်တန်တိုက်စစ်မှူး အန်ဒိုနီနဲ့ ဆောက်သမ်တန် ကွင်းလယ်ကစားသမား လီမီနာတို့ကိုလည်း အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။


နိုင်လင်းကြည်