မိုးနဲမြို့ နမ့်မော်ဆွမ့် (အလက)ကျောင်း ဘောလုံးကွင်း တည်ဆောက်နေမှု တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

မိုးနဲ   ၂၅  ဇူလိုင်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်လျက်ရှိသည့် Error! Not a valid embedded object.ကျောင်းဘောလုံးကွင်းအား ယနေ့ နံနက် နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Golden Mauk Mai ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံ ဦးအောင်ကျော်မင်းက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူနှင့် အဖွဲ့ဝင်များက လုပ်ငန်းများအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးတို့ကို မှာကြားကာ ဘောလုံးကွင်းအတွင်း လိုက်လံစစ်ဆေးခဲ့သည်။

 

အဆိုပါ ကျောင်းဘောလုံးကွင်းသည် အလျားပေ ၂၈၀ အနံ ပေ ၂၄၀ ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၂၄ ဒသမ ၇၈၅၄ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ ( ပြန်/ဆက်)

 

IMG_20200725_130823

 

received_672899119929191