မိုးနဲမြို့၌ ဈေးရောင်းဈေးဝယ် ပြည်သူများ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ပြုလုပ်ဆောင်ရွက်

မိုးနဲ ၊   ၁၈   ဒီဇင်ဘာ

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် လွိုင်မြေရပ်ကွက် ပြည်ထောင်စုကားလမ်းမ တစ်လျှောက်ရှိ ဈေးဆိုင်များနှင့် ညနေခင်းဈေးများတွင် ဈေးရောင်း/ဈေးဝယ်သူများကို ယမန်နေ့ညနေပိုင်းက နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်‌ခဲ့ကြသည်။

 

အဆိုပါ Mask Campaign ကို မြို့နယ်ကျန်းမာ‌ရေး အသိပညာပေး (Mask Campaign) ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်း‌ရေးဆွဲရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လွိုင်မြေရပ်ကွက် ပြည်ထောင်စု ကားလမ်းမတစ်လျှောက်ရှိ ဈေးဆိုင်များနှင့် ညနေခင်းဈေး‌ရောင်း/ ဈေးဝယ် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် တားဆီးမှု ရှိစေရန်အတွက် နှာခေါင်းစည်းမတပ်ဘဲ ဈေးရောင်းသူများ၊ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများကို နှားခေါင်းစည်း (Mask)များ မဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လက်ရှိကူးစက်ပြန့်ပွားနေမှု အခြေအနေများ၊ ဈေးရောင်း/ဈေးဝယ် ပြုလုပ်လျှင် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ထားကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် အရောင်းအဝယ် ပြုလုပ်ကြရန်၊      ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြရန် စသည့်တိုကို (Hand Speaker) ဖြင့် အသိပညာပေး ဆော်ဩခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(ပြန်/ဆက်)

 

mdn