မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုးနဲ ဇူလိုင် ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာနိုင်ရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာတောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် နာရီက မိုးနဲမြို့မဈေးတောင်ဘက်လမ်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆောင်ရွက်ရာနေရာသို့ မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာမျာ၊ မိုးနဲမြို့နယ် ကိုဗစ်-၁၉ Call Center အဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ အသိအညာပေး လက်ကမ်းစာစောင်များ၊ ပါးစပ်နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ (မိုးနဲ)