မိုင်းခတ်မြို့တွင် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအားပုံမှန်ကာကွယ်ဆေးများထိုးနှံ၊တိုက်ကျွေးခြင်းများဆောင်ရွက်

မိုင်းခတ်  အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင်က လေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မိုင်းခတ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးများအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊အသည်းရောင်အသားဝါ(ဘီ)၊ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ပြင်းထန်အဆုတ်ရောင်၊ပိုလီယိုကာကွယ်ဆေးသောက်ဆေးနှင့်ထိုးဆေး၊ဝက်သက်၊ဂျိုက်သိုးအစရှိသောကာကွယ်ဆေးများပါဝင်ပြီကိုယ်ဝန်ဆောင်မိခင်များအားမေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုးဒေ(ပြန်/ဆက်)