မိုင်းကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ပြခန်းကို အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပြသ

မိုင်းကိုင် ၂၅  ဇွန်

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌  ဇွန် ၂၅ ရက်နေ့က  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်အဖြစ်  မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ပြခန်း၊ ပြပွဲနှင့် ပြတိုက်ငယ်ကို အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပြသခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါပြခန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဦးရဲထွန်းအောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ပန်းချီ၊ ပိုစတာများ၊ မှတ်တမ်းပုံများ၊ ပြတိုက်ငယ်နှင့် စာအုပ်ပြအုပ်ပွဲကို  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း လူစုလူဝေး မဖြစ်စေရန်အတွက်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အွန်လိုင်းစနစ်ဖြင့် ပထမအကြိမ်  ဖွင့်လှစ်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ပြည့်ဖြိုးမောင်(ပြန်/ဆက်)