မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်

 

မိုင်းယန်း စက်တင်ဘာ ၂၅

 

လူ့ဘဝအစ ရက်ပေါင်း (၁၀၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ ကျင့်သုံးလာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်()နှစ်အောက် ကလေးငယ်များအား စက်တင်ဘာ ၂၄ ရက် မွန်းလွဲ နာရီက ကျေးရွာအရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။

 

ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၀)ရွာမှ ကိုယ်ဝန်ဆောင်မိခင် (၄၀)ဦးနှင့် အသက်()နှစ်အောက် ကလေးငယ်(၃၂)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၄၅၀၀၀)စီဖြင့် စုစုပေါင်းငွေကျပ် (၃၂၄၀၀၀၀)ကို ကျေးရွာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုင်းယန်းမြို့နယ်တွင် ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု()အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၉၈)ဦးနှင့် အသက်()နှစ်အောက် ကလေးငယ်(၇၂)ဦးရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

 

ခွန်ရဲထွေး(ပြန်/ဆက်)