မိုင်းလုံမြို့ “ဖြူစင်မေတ္တာပရဟိတ” အသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

မိုင်းလုံ အောက်တိုဘာ ၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အောက်တိုဘာ ၂ ရက်က ဖြူစင်မေတ္တာပရဟိတအသင်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ကိုနက်နက် မိသားစုကားဂိတ်(မိုးကုတ်မြို့)မှ PPE ဝတ်စုံ (၃၀)၊ ရာဘာလက်အိတ် အစုံ(၅၀)ပါ လက်အိတ်(၁)ဘူးနှင့် စိုင်းကျော်လင်းအောင် မိုင်းလုံမြို့ (မြို့ဟောင်းကျေးရွာ)မှ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေကျပ် (၅၀၀၀၀) စုစုပေါင်း ၈၁၂၀၀၀ ကျပ် တန်ဖိုးရှိပစ္စည်းများကို “ဖြူစင်မေတ္တာပရဟိတ”အသင်းသို့  ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)