မိုင်းဖြတ်၊ ချင်းရွှေဟော်၊ ဆီဆိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ ဇန်နဝါရီ

 

မိုင်းဖြတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၃ ရက် နံနက် ၆ နာရီက မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာအုပ်စု၊ ပါဆန်းကျေးရွာနေ ဆမ်ကွမ်းစိန်၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၁၃၀၊ မြန်မာငွေကျပ် ၉၀၀၀၀ တို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီက ဇန်နဝါရီ ၁၃ ရက် နံနက် ၁၁ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ အဆောက်အဦပျက်အနီးတွင် တွေ့ရှိသူ ကျောက်လောက်စေး(ခ)ကျန်ကျားအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၄၀၊ ဘိန်းဖြူ သုည ဒသမ ၀၀၅ ကီလိုနှင့် မြန်မာငွေ ကျပ် ၁၅၀၀၀ တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်နေ ဟော်ယွင်ဖူးနှင့် မယွင်ဖုန်းတို့၏ နေအိမ်အားရှာဖွေရာ နေအိမ်အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၄၃၇၀၀ ပြား၊ ဘိန်းဖြူ ၂ ဒသမ ၁၇ ကီလို၊ မြန်မာငွေကျပ် ၅၀၀၀၀၀ တို့ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၃ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ပင်ညိုးကျေးရွာအနီး၊ မောက်မယ်-ဆိုက်ခေါင် ကားလမ်းတွင် ဟိန်းထက် မောင်းနှင်ပြီး မင်းအောင်လိုက်ပါလာသော ယာဉ်ကို ရပ်တန့်ရှာဖွေရာ ကတ်တမင်း ၂၀ ကီလို၊ အိုက်စ် ၅ ကီလိုနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

MDN

Credit: ရဲပြန်ကြား