မိုင်းဖြတ်၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ် 

မိုင်းဖြတ်   ဇွန် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးရွာအဆင့်ခေါင်းဆောင်မှုနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth)သင်တန်းကို ဇွန်လ ၂၄ရက် နံနက်၉နာရီအချိန်ခန့်က နမ့်လန်းကျေးရွာရှိ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး၌ ဖွင့်လှစ်သည်။

ရှေးဦးစွာ တာချီလိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြတ်သိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်းမေလွင်နှင့် ဦးစီးအရာရှိ (နည်းပညာ) ဒေါ်သီသီအောင်တို့က သင်တန်းဘာသာရပ်များကို ဆက်လက်ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့  မြိုနယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အဖွဲ့ဝင်များ၊ (VDP)စီမံကိန်းမှ အဖွဲ့ဝင်များ၊ ရေပေးဝေရေးစီမံကိန်းမှ အဖွဲ့ဝင်များ စုစုပေါင်း ၂၆ ဦး တက်ရောက်ကြပြီး သင်တန်းကို သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်စေရန်အတွက် လည်းကောင်း၊ ကျေးရွာ ဖွံဖြိုးရေးကော်မတီဝင်များသည် စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်စေရေး အတွက်လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်လာပြီး ကျင့်သုံး တက်လာစေရန်အတွက်းလည်းကောင်း စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)

mdn