မိုင်းဖြတ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

မိုင်းဖြတ် ၊ စက်တင်ဘာ ၁၅

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးအပ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို စက်တင်ဘာလ ၁၅ ရက် မွန်းတည့် ၁၂နာရီ ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်းတို့က ကိုယ်ဝန်ဆောင်မိခင် (၃၅၄)ဦးနှင့် ၎င်းတို့မှ မွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးငယ် (၂၉၆)ဦးအတွက် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါထောက်ပံ့ငွေများသည် ၂၀၂၀ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး  တစ်ဦးလျှင်(၁)လကို တစ်သောင်းငါးထောင်ကျပ်ဖြင့် သုံးလစာအတွက်  လေးသောင်းငါးထောင်ကျပ်ဖြစ်ပြီး မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်(၃၅၄)ဦးနှင့် ကလေးငယ် (၂၉၆)ဦး စုစုပေါင်း(၆၅၀) အတွက် ထောက်ပံ့ပေးခြင်းဖြစ်သည်။

 

ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှတစ်ဆင့် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရွှေကို(မိုင်းဖြတ်)