မိုင်းပန်-နောင်လေ-မိုက်ပုတ်(ပန်ပိ)လမ်း ဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းပန် ၆ မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ မိုင်းပန်-နောင်လေ-မိုက်ပုတ်(ပန်ပိ)လမ်း ကျောက်ဗြုန်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လင်းခေးခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ ကုမ္ပဏီတာဝန်ခံတို့နှင့်အတူ မေ ၆ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို ထူးပြည့်သာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး ရန်ပုံငွေအနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၉-၂ဝ၂ဝ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၄၈.၂၆ဝ)ဖြင့် မိုင်းပန်-နောင်လေ-မိုက်ပုတ်(ပန်ပိ) မြေသားလမ်း (၃၆/ဝ) မိုင်အနက် (၁၉/ဝ)မိုင် ကျောက်ခင်းပြီးဖြစ်၍ ကျန်ရှိသည့် (၁၇/ဝ)မိုင်မှ (၅/ဝ) မိုင်အား ကျောက်ဗြုန်းခင်း မြေသားလမ်းဆောင်ရွက်ခြင်းအား လည်းကောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် သန်း (၁၄၈.၇၅၆)ဖြင့် ကျန်ရှိသည့် (၁၇/ဝ)မိုင်မှ (၃/ဝ)မိုင်အား ကျောက်ဗြုန်းခင်း မြေသားလမ်းဆောင်ရွက်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ကိုဆန်း(မိုင်းပန်)