မိုင်းပန်မြို့နယ်တွင် ရေကြီးနစ်မြုပ်ပျက်စီး (လယ်၊ ယာ) တောင်သူများအား အရေးပေါ်ရန်ပုံငွေ ထောက်ပံ့ပေးအပ်

မိုင်းပန် ၂၇  ဇွန်       

                

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု မိုင်းဟောင်းကျေးရွာ မိုင်းဟောင်းဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၉ နာရီခွဲက သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီး (လယ်၊ ယာ) တောင်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုင်းပန်မြို့နယ် နမ့်တိန်း၊ နောင်ယင်း၊ နားလောကျေးရွာအုပ်စုများအတွင်းတွင် ယမန်နှစ်က သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့ရသော တောင်သူများအတွက် ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေမှ ကျခံပြီး တစ်ဧကလျှင် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သီးနှံ လယ် ၅ဝ ဒသမ ၅၆ ဧက၊ ယာ ၇ ဒသမ ၄၄ ဧကတို့အတွက် တောင်သူ ၅၂ ဦးအား ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်မိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်သူတစ်ဦးချင်းစီအား ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုင်းပန်(ပြန်/ဆက်)