မိုင်းတုံမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အဌမအကြိမ် ချေးငွေထုတ်ချေးပေး

မိုင်းတုံ အောက်တိုဘာ ၃

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးသည့် မဲကင်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေမှ  အဌမအကြိမ်အဖြစ် ချေးငွေကျပ်(၃၀၆)သိန်း အား အလှည့်ကျစနစ်ဖြင့် ပြန်လည်ထုတ်ချေးပေးခြင်းကို အောက်တိုဘာ ၁ ရက်က ထုတ်ချေးပေးသည်။

မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာ မြစိမ်းရောင်ရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ အဌမအကြိမ်အဖြစ်  ငွေကျပ် (၃၀၆)သိန်းကို အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းနှင့် အရောင်းအဝယ်လုပ်ကိုင်သူ ၃၉ ဦး အား မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုး တိုးတက်ရေးဦးစီးဌာနမှူး ဦးစိုင်းအောင်မျိုးထက်နှင့် ဝန်ထမ်းများက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မဲကင်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ၂၀၀၄-၂၀၀၅ ဘဏ္ဍရေးနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ရာ နှစ်စဉ် စီမံကိန်းမှ အမြတ်ငွေများရရှိပြီး ဆဌမအကြိမ်အထိ အမြတ်ငွေ ကျပ်ပေါင်း (၂၂၅)သိန်း ရရှိပြီးဖြစ်၍ အမြတ်ငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ပွင့်လင်းရာသီရောက်ရှိပါက အဆိုပါမဲကင်ကျေးရွာတွင် ဘက်စုံသုံး ခန်းမ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)