မိုင်းယောင်းမြို့နယ် မိုင်းယု-ကျိန်းယဲန်းတံတား ကျိန်းယဲန်းဘက်အခြမ်းကို ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှစ၍ ဖြတ်သန်းခွင့် ယာယီပိတ်ထား

mdn

မိုင်းယောင်း ဇူလိုင် ၁၉

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အထူးဒေသ(၄)မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မိုင်းယု-ကျိန်းယဲန်းတံတား ကျိန်းယဲန်းဘက်အခြမ်းကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ဝင်/ထွက် သွားလာ ခွင့်ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်းမြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေ များကြောင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး ဖွင့်လှစ်ထားရှိသည့် မိုင်းယု-ကျင်းယဲန်းတံတားမှတစ်ဆင့် ရောဂါပိုး ကူးစက်လာမှု မရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အထူးဒေသ(၄) ကျိန်းယဲန်းဘက်အခြမ်းကို ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ဆိုင်ကယ်နှင့် လူပါ ဝင်/ထွက်သွားလာခွင့် မပြုတော့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း

ဓာတ်ပုံ- ကိုကိုနိုင်