မိုင်းယောင်းမြို့နယ်တွင် စားသုံးသူများလာခြင်းကြောင့် ခေါက်ဆွဲနွဲ့မုန့် ရောင်းအားကောင်း

မိုင်းယောင်း ၅ ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် စားသုံးသူများလာခြင်းကြောင့် ဒေသရိုးရာအစားအစာ သရေစာမုန့်တစ်မျိုးဖြစ်သည့် ခေါက်ဆွဲနွဲ့မုန့် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

 

ခေါက်ဆွဲနွဲ့မုန့် ပြုလုပ်ရောင်းချသူ ဒေသခံအမျိုးသမီးတစ်ဦးက ဒီနှစ်အတွင်းမှာ ခေါက်ဆွဲနွဲ့မုန့် ဝယ်ယူစားသုံးသူ ပိုများလာကြောင်း၊ ယခင်နှစ်များတွင် လူငယ်ပိုင်းလောက်သာ လာရောက်စားသုံးကြောင်း၊ ယခုနှစ်တွင် ကလေးရောလူကြီးပါ စားသုံးသူပိုများလာတော့ ဈေးပိုရကြောင်း၊ ခေါက်ဆွဲနွဲ့မုန့် သုံးချပ်လျှင် ကျပ် ၅၀ဝ ရောင်းရကြောင်း၊ ဖုန်းနှင့် ဆက်သွယ်မှာယူက မြို့တွင်း အိမ်အရောက်ပို့ပေးကြောင်း ပြောကြားသည်။

 

အဆိုပါ ခေါက်ဆွဲနွဲ့(ခေါက်ဆွဲအွမ်) သရေစာမုန့်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံနှင့် မိုင်းယုဒေသများတွင် အများဆုံး ပြုလုပ်ရောင်းချလေ့ရှိပြီး ကလေးရော လူကြီးပါ အထူးကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးကြကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)