မိုင်းယောင်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်ပို့ချ

မိုင်းယောင်း ၆ ဇန်နဝါရီ

 

မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့်လုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ကျင်းပခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအတွင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၅၀ တက်ရောက်ကြပြီး မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးနှင့် အသက်ကယ် နည်းစနစ်များကို သင်တန်းကာလ ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)