မိုင်းယန်း၌ ဗဟုသုတ ဉာဏ်စမ်းစွမ်းရည် ဖြေဆိုပြိုင်ပွဲ ကျင်းပ

မိုင်းယန်း ၁၉ သြဂုတ်

 

ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဗဟုသုတဉာဏ်စမ်း စွမ်းရည်ဖြေဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre အခန်း၌ သြဂုတ် ၁၈ ရက်က ပြုလုပ်ခဲ့သည်။

 

အဆိုပါပြိုင်ပွဲကို ကျောင်းသား ကျောင်းသူများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဉာဏ်ရည်၊ ဉာဏ်သွေးကို ဆန်းစစ်ကာ ဖွံ့ဖြိုးတိုးတက်စေရုံသာမက အခြားသော ပြင်ပဗဟုသုတများကိုပါ ရရှိစေရန်၊ စာပေများကို အချိန်ပေးလေ့လာတတ်စေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး အားလပ်ချိန်မှာ စာကြည့်သို့ သုတ/ရသ စာပေများကို လာရောက်၍ လေ့လာဖတ်ရှု လေ့လာနိုင်ကြောင်း သိရသည်။

 

ထို့နောက် ဗဟုသုတ ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲ ပထမဆုကို မောင်ရှိုင်းထက်အောင် (မူလွန်-ပါမိုင်)၊ ဒုတိယဆုကို မောင်ခန့်ဝိုင်းချစ် (အလကဈေးတန်း) တတိယဆုကို နန်းစံဖောင်း (အထက-မိုင်းယန်း)နှင့် နှစ်သိမ့်ဆုရ ကျောင်းသား ကျောင်းသူ ၅ ဦးအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဗဟုသုတ ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲကို မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် (သတ္တမတန်း) ကျောင်းသား ကျောင်းသူ ၁၆ ဦးက ယှဉ်ပြိုင်ဖြေဆိုခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)