မိုင်းယုမြို့၌ ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး Mask Campaign ပြုလုပ်

မိုင်းယု  ၂၉  နိုဝင်ဘာ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့ဝင်လမ်းဆုံနေရာတို့၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းယုမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုးနှင့် ကော်မတီအဖွဲ့ဝင်များက မိုင်းယုမြို့ လူသွားလူလာများသည့် မြို့ဝင်/မြို့ထွက် လမ်းဆုံနေရာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လူတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန်နှင့် ဒေသတွင်း ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်တားဆီးကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများအား နှာခေါင်းစည်း (Mask)များ မဖြစ်မနေတပ်ဆင်ရေး အသိပညာပေး ပြောကြားခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လက်ရှိကူးစက်ပြန့်ပွားနေမှု အခြေအနေတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)