မိုးညိုမြို့နယ်တွင် မြစ်ရေဝင်ရောက်နေသော ကျေးရွာများသို့ ကြိုတင်အသိပေးလုပ်ငန်းများ ဆောင်ရွက်

မိုးညို ၂၈ ဇူလိုင်


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇူလိုင် ၂၈ရက် နံနက် ၁၀ နာရီခွဲခန့်က ဒေသနေပြည်သူများ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားကြရန် အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာဆောင်များ လိုက်လံဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့အသိပညာပေးရာတွင် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှုး ဦးမင်းသူမောင်၊ မြို့နယ်မီးသတ်ဦးစီးမှုး ဦးသက်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှုး ခင်လတ်နှင့် တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသည်။

 


ခင်လတ် (မိုးညို)