မိုးညှင်းခရိုင် မိုးလုံလေလုံအားကစားခန်းမသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ၃ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

မိုးညှင်း   ၂၉  နိုဝင်ဘာ

 

ကချင်ပြည်နယ်အစိုးရ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီး ခဲ့သည့် မိုးညှင်းခရိုင် မိုးလုံလေလုံ အားကစားခန်းမသစ် ဖွင့်ပွဲအထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ၃ ယောက်တွဲ  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ အဆောက်သစ်၌ ကျင်းပခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက အမှာစကား ပြောကြားရာတွင် ခရိုင်အတွင်း ထူးချွန်ထက်မြတ်သည့် အားကစား သမားများ ပေါ်ထွန်းလာစေရန်၊ ထိုမှတစ်ဆင့်ပြည်နယ် ကိုယ်စားပြု မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့် အားကစားသမား အချင်းချင်းတွေ့ဆုံ၍ ချစ်ခင်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

2

 

ယနေ့ကျင်းပသည့် အမျိုးသား (၃)ယောက်တွဲ အလွတ်တန်း ပြိုင်ပွဲတွင် ခရိုင်အတွင်းရှိအသင်း ၁၀ သင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၅သင်း(၁)အုပ်စုဖြင့် အုပ်စု(၂)စုခွဲကာ အုပ်စုပတ်လည်စနစ် ဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အုပ်စု(က)မှ စိမ်းရတနာမွန်တောင် (၁) ၊အသင်းနှင့် အုပ်စု(ခ)မှ မိုးကောင်း(၂)အသင်းတို့ ယနေ့နံနက် ယှဉ်ပြိုင်ခဲ့ကြရာ မိုးကောင်း(၂)အသင်းက အနိုင်ရရှိဲခဲ့သည်။

 

အဆိုပါ ပြိုင်ပွဲမှ အနိုင်ရရှိသည့် မိုးကောင်း(၂) အသင်းအား ခရိုင်စီမံခန့်ခွဲရေး ကော်မတီ အတွင်း ရေးမှူးက ဂုဏ်ပြုဆုငွေ ၂၀ဝ၀ဝ ကျပ်နှင့် စိမ်းရတနာမွန်တောင်(၁)အသင်းအား မြို့နယ် စီမံခန့်ခွဲရေး ကော်မတီမှ ဂုဏ်ပြုဆုငွေ ၁၀ဝ၀ဝ ကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)