မိုးညှင်းခရိုင် ဖားကန့်နှင့် မိုးကောင်းမြို့နယ်အတွင်းရှိ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) ပေးအပ်

မိုးကောင်း  ၂၅   ဇွန် 

 

ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ ဖားကန့်နှင့် မိုးကောင်းမြို့နယ်အတွင်းရှိ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ မြို့တော်ခန်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးကျော်ကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်မှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) အား လွှဲပြောင်းပေးအပ်ရာ တောင်သူများကိုယ်စား တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ လက်ခံရယူ၍ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယနေ့ အခမ်းအနားတွင် ဖားကန့်မြို့နယ်မှ တောင်သူ ၃၂၇ ဦးအတွက် လယ်ယာမြေ ၂၅၆၅ ဧက၊ မိုးကောင်းမြို့နယ်မှ တောင်သူ ၃၇၁ ဦးအတွက် လယ်ယာမြေ ၃၃၂၉ ဧက စုစုပေါင်း မိုးညှင်းခရိုင်အတွင်းရှိ တောင်သူ ၆၉၈ ဦးအား လယ်ယာမြေဧကပေါင်း ၅၈၉၄ ကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) ပေးအပ် နိုင်ခဲ့သည်။

 

အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မကြီးနှင့် ပြည်နယ်/ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ဝင်းနိုင်(ကချင်မြေ)