မိုးညှင်းမြို့နယ်အတွင်းမှ အုပ်စုဖွဲ့၍ ဆိုင်ကယ်ခိုးယူသူများ ဖမ်းမိ

မိုးညှင်း  ၁၅  နေပြည်တော်

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှ အုပ်စုဖွဲ့ကာ ဆိုင်ကယ် ခိုးယူသူများ ဖမ်းမိခဲ့ကြောင်း သိရသည်။

 

မိုးညှင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သူရိန်ဦး ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာနေ စိုးမြတ်ထွန်း(ခ)သားငယ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်တွင် စိုးမြတ်ထွန်း(ခ)သားငယ်နှင့် အောင်ဇော်တင့်နှင့်အတူ ညီညီထွန်းတို့အား တွေ့ရှိရပြီး ၎င်းနေအိမ်အတွင်း ဆက်လက်ရှာဖွေရာ Master Key သော့အတု(၆)ချောင်း၊ သော့တုဖြုတ်ရာတွင်အသုံးပြုသည့် 8T(၃)ချောင်း၊ ဆိုင်ကယ်ဖြုတ်ရာတွင် အသုံးပြုသောဂွမျိုးစုံ(၁၅)ခု၊ ဆိုင်ကယ်(၄)စီး စုစုပေါင်း ကာလတန်ဖိုး(၇)သိန်းကျော်ဖိုးခန့် ရှာဖွေတွေ့ရှိရသဖြင့် ၎င်းတို့သုံးဦးအား စစ်မေးရာ၎င်းတို့ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတရာ ပြသနိုင်ခြင်းမရှိသဖြင့် အဆိုပါဆိုင်ကယ်လေးစီးသည် နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာနိုင်ကြောင်း မသင်္ကာဖွယ် စစ်တွေ့ရှိရသဖြင့် မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာနေ စိုးမြတ်ထွန်း(ခ)သားငယ်၊ မြိုင်ကျေးရွာနေ အောင်ဇော်တင့်နှင့် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်နေ ညီညီထွန်း၊ ဟိန်းဇော်ထွန်း(ခ)ငဟိန်းတို့အား မိုးညှင်းမြို့မရဲစခန်းမှ ဥပဒေအရအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)