မိုးညှင်းမြို့နယ်၌ ငွေကျပ်သိန်း ၅,၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်   ဒီဇင်ဘာ   ၂၈

 

မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၅,၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား သွားကားလမ်း၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် မန္တလေးမှ မိုးညှင်းဘက်သို့ မောင်းနှင်လာသည့် AD VAN ခရီးသည်တင် မော်တော်ယာဉ်အား ရှာဖွေရာ နိုင်ဦး () မောင်နိုင် (၄၁) နှစ်နှင့် ပြည့်ဖြိုးအောင် () ကိုဖြိုး (၂၉) နှစ်တို့ နှစ်ဦး သယ်ဆောင်လာသည့် တန်ဖိုးငွေကျပ် သိန်း ၅,၂၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၂၀ ဒသမ ၉ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ကချင် ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရကာ ၎င်းတို့နှစ်ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်