မိုးညှင်းမြို့နယ်၌ ငါးမိုင်းခွဲရာမှ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

မိုးညှင်း  ၈    နိုဝင်ဘာ

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု ထန်းတစ်ပင်ကျေးရွာ၌ နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး ရေချောင်းအတွင်းငါးမိုင်းခွဲရာမှ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

 ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီက မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ထန်းတစ်ပင် ကျေးရွာနေ မောင်မျိုး(၂၃ နှစ်)သည် နန့်ရင်းချောင်းအတွင်း ငါးမိုင်းခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ယာဘက်လက်မှာ လက်ကောက်ဝတ်မှပြတ်ထွက်သွားပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့၍ ရွာသစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ယုနှင့်အဖွဲ့မှ မိုးညှင်းပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကာ မိုးညှင်းဆေးရုံမှတစ်ဆင့် မြစ်ကြီးနားဆေးရုံသို့ မေတ္တာလေညှင်း လူမူကူညီရေး မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)