မိုးညှင်းမြို့နယ်၌ ရထားနှင့် ဆိုင်ကယ်တိုက်မိ ဆိုင်ကယ်မောင်းသူ သေဆုံး

မိုးညှင်း  ၁၇   နိုဝင်ဘာ

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာအုပ်စု ညောင်ပင်သာကျေးအနီး၌ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက မီးရထားသံလမ်းအား ဖြတ်ကျော်မောင်းနှင်သည့် ဆိုင်ကယ်နှင့် ရထားတိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက် ညနေ ၃ နာရီခန့်က မြစ်ကြီးနားမှထွက်ခွာလာသည့် အမှတ်(၃၈) အစုန် အထူးအမြန်ရထားသည် နမ္မားကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအနီး မီးရထားမိုင်တိုင် အမှတ် ၆၄၀/၂၀ နှင့် ၆၄၀/၂၁ ကြားအရောက်တွင် တရားမဝင်မီးရထားသံလမ်းကူးအား ဖြတ်ကျော်မောင်းနှင်သည့် နမ္မားကျေးရွာ၊ ရှမ်းစုရပ်ကွက်နေ ဦးဝင်းဘို (၅၅နှစ်)၏ ဆိုင်ကယ်နှင့် တိုက်မိပြီး ဒဏ်ရာများရရှိခဲ့၍ နမ္မားကျေးရွာ ပုညကာရီလူမှု ကူညီရေးအသင်းယာဉ်ဖြင့် မိုးညှင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)