မိုးညှင်းနှင့်နောင်ချိုမြို့နယ် တို့တွင်စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် မတ် ၁၄ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာအနီးတွင် NISSAN AD VAN အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ် ပါခရီးသည် ယုံဒတ် နှင့် မဇင်မျိုးနွယ် တို့ သယ်ဆောင်လာသည့် ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို ကိုလည်းကောင်း၊  ထို့ပြင် ပူးပေါင်းအဖွဲ့သည် မတ် ၁၂ ရက် ညနေ ၄ နာရီတွင် နောင်ချိုမြို့၊ ပါဟတ် ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ အနီးတွင် အားကော် မောင်းနှင်ပြီး အောင်ကျော် ဟိန်းလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၂ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်