မြို့နယ် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းပေါင်းစုံ ဘာသာစွမ်းရည်ပြိုင်ပွဲ စေတုတ္တရာမြို့နယ်၌ ကျင်းပ

စေတုတ္တရာ    ၂၂   နိုဝင်ဘာ    

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်အဆင့်  အခြေခံပညာ ကျောင်းပေါင်းစုံ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဘာသာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က စေတုတ္တရာမြို့ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။ 

 

ေ

 

ထိုသို့ ကျင်းပရာတွင်( မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ) ဘာသာရပ်သုံးခုအား စစ်ဆေးပြီး ပထမနေ့ မြန်မာစာစွမ်းရည်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၃)ဉီး၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၅)ဉီး စုစုပေါင်း (၂၈)ဉီး ဖြေဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ မြို့နယ်အဆင့် ဘာသာစွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်သူများအား ခရိုင်အဆင့် ဘာသာစွမ်းရည် ပြိုင်ပွဲတွင် ဆက်လက်ပါဝင် ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း  သိရသည်။    

စည်သူလွင်(ပြန်/ဆက်)