မြို့နယ် လေးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

mdn

နေပြည်တော်    ၁၅    နိုဝင်ဘာ

 

မိုးညှင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီက မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ မြသိန်းတန်ဘုရားအနီး၊ အနောက်ဘက်လမ်း တွင် လမင်းကိုကို(ခ)ဟာနစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၄၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မိုးညှင်းမြို့၊ အာလဝီကုန်းကွက် သစ်ရပ်နေ မျိုးလွင်(ခ)ဇော်မျိုးလွင်၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ သန်းထွန်းအား တွေ့ရှိပြီး နေအိမ်မှ ဘိန်းဖြူ ၇ ဒသမ ၁ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၈၀ တို့ကိုလည်းကောင်း၊

 

အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီက ဟိုပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ရွာသစ်ကြီးကျေးရွာနေ မပြုံး၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀ဝ ကိုလည်းကောင်း၊

 

ထို့အတူ ယင်းနေ့ နံနက် ၂ နာရီခွဲတွင် ဘုတ်ပြင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ နို့ငွါးကျေးရွာအုပ်စု၊ ကြိမ်နီတောင်ကျေးရွာနေ မစုစုလှိုင်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၂၀ ကိုလည်းကောင်း၊

 

အလားတူ ညနေ ၆ နာရီတွင်       တပ်မတော်နှင့် မူးယစ်တပ်ဖွဲ့စု(၂၃)တန့်ယန်းမှ တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့နယ်၊ တာကော်အက်ပူးပေါင်း စစ်ဆေးရေး စခန်းတွင် ဆမ်ခွက် မောင်းနှင်လာသည့် TOYOTA HILUX VIGO မော်တော် ယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၄၇၀ဝ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)