မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၉

 

 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည်ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၁ နာရီတွင် ရွှေပြည်သာမြို့နယ်၊ (ဏ/၁၄)ရပ်ကွက်၊ ဝင်္ကဘာလမ်းနေ ပြည့်ဟိန်းကျော်(ခ)ပြည့်ကြီး ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိပ်ယာ ခေါင်းရင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ ကိုလည်းကောင်း ၊အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ လမ်းသစ်လမ်းတွင် သတင်းအရ မဝေဝေအောင်(ခ)မဝေအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ကို လည်းကောင်း။

 

 ထို့ပြင် ဖေဖော်ဝါရီ ၈ ရက် နံနက် ၇ နာရီတွင် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ယန်းလော ကျေးရွာအနီးတွင် ကျဘိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

(သတင်းစဉ်)