မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင်မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာ အနီးတွင်  VOXY အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် မကိုင်ဒိန်း(ခ)အားကိုင် သယ်ဆောင်လာသော ဘိန်းဖြူ ၁ ဒသမ ၆၅ ကီလို ကိုလည်းကောင်း။

ထို့ပြင် ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအနီးတွင် လီလို့(ခ)ကျထော် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်