မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၅   သြဂုတ် 


ပူတာအိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သြဂုတ် ၃ ရက် ည ၁၁ နာရီက ပူတာအိုမြို့နယ်၊ ဖက်မာဒါးကျေးရွာ၊ သဘောင်တံတားထိပ်တွင် သူရလင်း မောင်းနှင်လာသော Pajero အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ဆာမိုးရီနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဖန်းမာထားတို့ ခရီးဆောင်အိတ်အတွင်းမှ ဘိန်းဖြူ ၃၉၆ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ ၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် မြန်မာငွေ ကျပ် ၆၆,၅၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သည်။


အလားတူ သြဂုတ် ၄ ရက် နံနက် ၇ နာရီခွဲက မံစီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ သံတံတားကျေးရွာအုပ်စု၊ မလင်ကျေးရွာနေ မခင်နှင်းဖြူ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀ဝ  ကိုလည်းကောင်း။


ယင်းနေ့ ညနေ ၄ နာရီက  မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်၊ ပျားရည်ကုန်းရပ်ကွက်၊ ကျိုက္ကဆံလမ်းမကြီး၊ Plus Hotel ရှိ ထက်မြတ်ဘုန်းပြည့်စုံ တည်းခိုနေသည့် အခန်းအမှတ်(၈၀၉)ကိုရှာဖွေရာ  အိုက်စ် ၁ ဒသမ ၅ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၎င်းHotel၌ပင် အခန်းအမှတ် (၈၀၇)တွင် တည်းခိုနေသူ သီဟတင်မိုးအား  ဖမ်းဆီးရမိပြီး ဆက်လက်၍  မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်လမ်းဆုံအနီးရှိ Nice Day Hotel ၊ အခန်းအမှတ်(၂၀၁၇)တွင် တည်းခိုနေသူ နေဝင်းအောင်(ခ)အရုပ်သည်နှင့်အတူ ကျော်သူစိုး၊ ပြည်စုံကျော် တို့အား စိတ်ကြွရူးသွပ်ဆေး ၂,၂၈၈ ပြား၊ အိုက်စ် ၄၈ ဂရမ်၊ လက်ကိုင်ဖုန်းတစ်လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။


ထို့အတူ သြဂုတ် ၄ ရက် မွန်းလွဲ ၂ နာရီက မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာနေ လောဆယ်(ခ)အဖေ၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,ဝ၀ဝ ကိုလည်းကောင်း။


အလားတူ ညနေ ၄ နာရီတွင် လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ နယ်မြေ(၁၆)အရှေ့ဘက်ရှိ စိုင်းနောင့် ၏တဲကိုရှာဖွေရာ၎င်းနှင့်အတူ စိုင်းအိုက်ထွန်း၊ ကျော်အေး၊ အိုက်မောင်(ခ)လှမောင် တို့အားတွေ့ရှိပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေး ၁,၁၉၈ ပြားနှင့် မြန်မာငွေကျပ်  ၂၇,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။


(ကိုရဲ) 

 

2