မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၃ ဇွန်

 

ဇွန် ၁၂ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွှေကူမြို့နယ်၊ နောင်လတ်ကြီးကျေးရွာအုပ်စု၊ မန္တလေး-ဗန်းမော်သွား ကားလမ်းပေါ်တွင် ဆန်းမင်းမောင်းနှင်ပြီး မျိုးလှိုင်ဝင်းနှင့် လှိုင်မြင့်ဦးတို့ လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၈,၀၀၀ ကိုလည်းကောင်း။

 

အလားတူ ဇွန် ၁၁ ရက် ညနေပိုင်းတွင် ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်းတွင် နိုင်မင်းမောင်းနှင်ပြီး ချမ်းငြိမ်းစိုးနှင့် အောင်ကိုကိုတို့ လိုက်ပါလာသော နံပါတ်မပါ သုံးဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာ ငွေကျပ် ၁၀၅၈ သိန်းကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၃၅ ဒသမ ၂၇၂၈ ကီလိုကိုလည်းကောင်း။

 

ထို့အတူ ဇွန် ၁၂ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွာငံမြို့အဝင်၊ အောင်ပန်း-ရွာငံသွားလမ်း၊ မိုင်တိုင်အမှတ် (၁/၄၈)တွင် ဘုန်းပြည့်ကျော် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

အလားတူ ယင်းနေ့ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ မိုင်းဖုံး(ခ)ကျေးရွာအုပ်စု၊ ပါခုတ်စစ်ဆေးရေးဂိတ်အနီးတွင် စိုင်းလုံမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ ညနေ ၆ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ရှင်းယင်လမ်း၊ (၉)ခန်းတွဲတိုက်ခန်းတွင် နေထိုင်သူ လူချမ်းဟော်၏ တိုက်ခန်းကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ပြား၊ အိုက်စ် သုည ဒသမ ၁၈၅ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၀၃၆၄ ကီလိုကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲက လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ခတ်ခုံကျေးရွာအုပ်စု၊ ခတ်ခုံကျေးရွာ-မိုမင်တန် သစ်ထုတ်လုပ်ရေးသွားလမ်း၊ သစ်ဖွဲပင်ပြန့် ဆင်စခန်းတဲနေ အောင်ကျော်ကျော်၏ နေအိမ်တဲကိုရှာဖွေရာ ၎င်းနှင့်အတူ ထွန်းကြိုင်အားတွေ့ရှိပြီး ငွေကျပ် သိန်း ၁၄၂၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇၁၁၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား