မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်   ၂၄  ဇူလိုင် 


တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၂ ရက် ည ၈ နာရီခန့်က တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ ခရေလမ်းရှိ တည်းခိုခန်းတွင် တည်းခိုနေထိုင်သည့် စိုင်းအွန်ကျောက်၏ အခန်းအားဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ နှင့် ဖုန်းတစ်လုံး တို့ကို လည်းကောင်း။


အလားတူ ဇူလိုင် ၂၃ ရက် မွန်းလွဲ ၁ နာရီက  တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာဒီးကျေးရွာနေ လော်မာ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ငွေကျပ်သိန်း ၁,၄၅၃ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၆,၆၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို၊ ဘိန်းစိမ်း သုည ဒသမ ၀၄ ကီလို၊ အိုက်စ် ၀ ဒသမ ၀၀၉ ကီလိုနှင့် ပစ္စတို တစ်လက်၊ ခြောက်လုံးပြူး တစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ပြောင်းချောသေနတ် နှစ်လက်၊ တူမီး နှစ်လက်၊ လေသေနတ် တစ်လက်၊ ပစ္စတိုကျည်အိမ် နှစ်ခု၊ ၁၂ ဗို့ကျည် အတောင့် ၁၁၀၊ ပွိုင့် ၃၈ ကျည် ခုနစ် တောင့်၊ ၆ ဒသမ ၃၅ ကျည် ၄၁ တောင့်နှင့် WINCHESTER 40 SAW စာတန်းပါကျည် ၄၇ တောင့် တို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ကျေးရွာနေ စိုင်းလုံ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၄၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။


ထို့အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲက သီပေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်၊ ပန်စောက်ကျေးရွာ၊ မန္တလေး-လားရှိုးသွားကားလမ်း၊  သီပေါတံတားအနီးတွင် အောင်ခင် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၅၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက်ပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရေကန်လမ်းသွယ်နေ မခင်ဝေဝေ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၀၀၃ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၄၀ နှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်အရ လားရှိုးမြို့နယ်၊ ပိန်းဂန်း (တရုတ်)ကျေးရွာနေ မကျိန်ချွင်းရီ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၂၀၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ၊ မြန်မာငွေကျပ် ၂၅၀,၀၀၀ နှင့် ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား