မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၃၀ ဇူလိုင်

 

ပင်လည်ဘူးမြို့နယ် မံစီလေးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီက ပင်လည်ဘူးမြို့နယ် ကျေးသီးကျေးရွာအုပ်စု ကျေးသီးကျေးရွာနေ မညွန့်တင်၏နေအိမ်ကို ရှာဖွေရာ ငွေကျပ်သိန်း ၆၂၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၄,၈၀၀ သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုးကုတ်မြို့၊ ညောင်သုံးပင်ရပ်ကွက်နှင့် ရေပေါက်တစ်ရာရပ်ကွက်ကြားလမ်းတွင် လှမျိုးမြင့်(ခ)စူစန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၉၄၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

ထို့အတူ ယင်းနေ့ ညနေ ၄ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လောက်ကိုင်မြို့နယ်၊ မန့်ခါးကျေးရွာအုပ်စု၊ ရန်လုံကျိုင်းကျေးရွာအနီးတွင် ကျန်းကိုင်းဟွေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကို လည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အိမ်အမှတ်(စ/၂၁၂)ရှိ လောက်စမ်းနှင့် တန်ဂွန်းတို့ ၂ ဦး၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ လောက်စမ်းအား မတွေ့ရှိဘဲ တန်ဂွန်းအားတွေ့ရှိပြီး ၎င်းတို့ ၂ ဦး၏ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၃၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား