မြို့နယ်စည်ပင်မှ ပြည်သူပူးပေါင်းပါဝင်သည့် ကွန်ကရစ်လမ်းများ စတင်ဆောင်ရွက်လျှက်ရှိ

အောင်လံ   ၂၇   ဇူလိုင် 

            
မကွေးတိုင်းဒေသကြီး သရက်ခရိုင်  အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်အတွင်း ကျပ်(၁၀)သန်းနှင့်အထက်ဖြစ်သော    တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပြီး ဆက်လက်၍ ယင်းလုပ်ငန်းများ လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့အတွင်း ပြည်သူပူးပေါင်းပါဝင်သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။


မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများသည် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီက စက်ရုံ(လယ်ပြင်) ရပ်ကွက်ရှိ  ပြည်သူ ၄၀ ရာခိုင်နှုန်း အစိုးရ ၆၀ ရာခိုင်နှုန်းဖြင့် ပထဆုံးဆောင်ရွက်လျှက်ရှိသော လယ်ပြင်အမှတ်(၁)လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာ လမ်းကော်မတီများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကွန်ကရစ်လမ်းနှင့် ပတ်သက်သော လုပ်ငန်းသဘောသဘာဝများနှင့် အစိုးရ/ဌာန အဖွဲ့အစည်းများနှင့်အတူလက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ မြို့လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အပံ့ဖြစ်စေကြောင်း ရှင်းလင်းဆွေးနွေးသည်။


မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စက်ရုံ(လယ်ပြင်) အမှတ်(၁)လမ်းအပါအဝင် မြို့ပေါ်ရှိလမ်း(၅)လမ်းအား ပြည်သူ ၄၀ ရာခိုင်နှုန်း၊ အစိုးရ ၆၀ ရာခိုင်နှုန်း ပါဝင်သည့် ကွန်ကရစ်လမ်းများအဖြစ် ဆက်လက်၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။


သိန်းလွင်(အောင်လံ)

 

6