မြို့နယ်လုံးဆိုင်ရာ လူထုအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ကျင်းပ

မိုင်းပျဉ်း ၇ မတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်လုံးဆိုင်ရာ လူထုအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်စည်ပင်ပန်းခြံကွင်း၌ ကျင်းပခဲ့သည်။

 

ဆုပေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အမှာစကား‌‌ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက ကျန်းမာရေးနှင့် အားကစားစွမ်းရည်များ တိုးတက်မြင့်မား လာစေရန်နှင့် အားကစားသမားများအချင်းချင်း ရင်းနှီးကျွမ်းဝင်လာ‌‌စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဆုပေးပွဲကို ကျင်းပရာ အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီး(အလွတ်တန်း)ဘော်လီဘောပြိုင်ပွဲ၊ ကျောင်းသား၊ ကျောင်းသူအပြေးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲနှင့် ခြင်းလုံးပြိုင်ပွဲတို့တွင် ဆုရရှိသည့် အားကစားသမားများကို တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် ဆုဖလားများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မေမွန်ထွဋ်၊ပြန်/ဆက်

    

၁